code editor ဆိုတာကတော့ programmers တွေ အချိန်အများကြီး တူတူ ရှိနေတဲ့ အရာပါပဲ။
IDEs နဲ့ lightweight editors ဆိုပြီး အဓိက code editors နှစ်မျိုး ရှိပါတယ်။ developer တော်တော်များများက အဲ့ နှစ်ခု ထဲက တစ်ခုကို သုံးကျပါတယ်။
IDE (Integrated Development Environment) ဆိုတာက project တစ်ခုလုံးအတွက် လိုအပ်တဲ့ features တွေ တော်တော်များများပါတဲ့ editor တစ်ခုပါပဲ။ IDE ဆိုတဲ့ နာမည်အတိုင်း editor တစ်ခုအနေနဲ့သာမက development environment တစ်ခု အစအဆုံး အလုပ်လုပ်နိုင်ရန် အပြည့်အဝ အထောက်အကူပေးပါတယ်။
IDE တစ်ခုဟာ project files အကုန်လုံးကို load လုပ်နိုင်ခြင်း ၊ file တစ်ခုကနေ နောက်တစ်ခုကို ညွှန်ပေးနိုင်ခြင်း ၊ project တစ်ခုလုံးအတွက် စာရိုက်ရာတွင် အလိုအလျောက် ပေါ်ပေးခြင်း (autocompletion) ၊ version management system တွေနဲ့ အလုပ်လုပ်နိုင်ခြင်း ဥပမာ git ၊ testing လုပ်နိုင်ခြင်း အပြင် အခြားသော လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နိုင်ပါတယ်။
တကယ်လို့ ဘယ် IDE ကို သုံးရမလည်း ဖြစ်နေရင် အောက်က IDE တွေကို သုံးကြည့်သင့်ပါတယ်။
- Visual Studio Code (cross-platform, free).
- WebStorm (cross-platform, paid).
Windows အတွက် ဆိုရင် "Visual Studio" (Visual Studio Code မဟုတ်ပါ) ကိုလည်း သုံးကြည့်သင့်ပါတယ်။ "Visual Studio" ဟာ paid version နဲ့ window မှာပဲ သုံးလို့ရတဲ့ editor တွေဖြစ်ပြီး .Net platform တွေအတွက် ပြည့်စုံအောင် လုပ်ပေးထားပါတယ်။ ဒါအပြင် JavaScript အတွက်လည်း သုံးလို့ရပါတယ်။ သူ့ကို free version အနေနဲ့ Visual Studio Community ဆိုပြီး ရှိပါတယ်။
IDE တော်တော်များက paid version တွေဖြစ်ပေမယ့် သူတို့မှာ အစမ်းသုံးခွင့် ကာလ ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ သူတို့အတွက်ကျသင့်ငွေဟာ developer တစ်ယောက်ရဲ့လစာနဲ့ တွက်ကြည့်လိုက်ရင် သိပ်မသိသာတာကြောင့် ကိုယ်အတွက် အကောင်းဆုံးကို ရွေးချယ်ပြီး သုံးနိုင်ပါတယ်။
"Lightweight editors" တွေဟာ IDE တွေလောက် feature အစုံအလင်မပါပေးမယ့်လည်း သူတို့ဟာ မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်ခြင်း ၊ အထာကျတဲ့ ပုံစံတွေရှိခြင်း နဲ့ ရိုးရှင်းကျပါတယ်။
သူတို့ကို များသောအားဖြင့် file တစ်ခုကို ချက်ခြင်းဖွင့် ပြီး ချက်ချင်း ပြင် ဖို့အတွက် သုံးကျပါတယ်။
"lightweight editor" နဲ့ "IDE" မှာ အဓိက မတူတဲ့ အချက်ကတော့ IDE တွေဟာ project အဆင့်မှာ အလုပ်လုပ်ပါတယ် ဆိုလိုချင်တာက project တစ်ခုကို စ ဖွင့်လိုက်တာနဲ့ file တွေအများကြီးကို စွဲတင်ရလို့ data တွေ အများကြီးလိုပါတယ်။ ဒါအပြင် လိုအပ်လာရင် project ရဲ့ ပုံစံကို analyst လုပ်ပေးတာ စသည်ဖြင့် လုပ်ပေးပါတယ်။ lightweight editor ကတော့ file တစ်ခုတည်းကို ပဲ ပြင်ချင်တာမျိုး ဖြစ်တဲ့အတွက် ပိုပြီးတော့ မြန်ပါတယ်။
တကယ်တန်းတော့ lightweight editors တွေမှာလည်း plugins တွေ အများကြီး ရှိပါတယ်။ ထို plugins တွေက IDE လိုပဲ syntex တွေကို analyst လုပ်ပေးတာ ၊ autocomplete လုပ်ပေးတာ စသည်ဖြင့်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် lightweight editor နဲ့ IDE တွေမှာ လုံးဝ ကွဲပြားခြားနားတဲ့ အရာတော့မရှိပါဘူး။
အောက်ဟာ lightweight editor တွေကို တစ်ချက်လေ့လာကြည့်သင့်ပါတယ်။
- Atom (cross-platform, free).
- Sublime Text (cross-platform, shareware).
- Notepad++ (Windows, free).
အပေါ်မှာ ပေးထားတဲ့ စာရင်းတွေဟာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း (ငဂျွတ်) တွေ သုံးနေတာ ကြာပါပြီ။
တခြား ကောင်းတဲ့ editors တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် သင့် အကြိုက်ဆုံးဟာကို ပဲရွေးလိုက်ပါ။
Editor တစ်ခုကို ရွေးချယ်ရတာလည်း တစ်ခြား tool တွေကို ရွေးရသလိုပါပဲ ၊ တစ်ကိုယ်ရည် ကြိုက်တဲ့ feature တွေ အလေ့အကျင့် တွေ နဲ့ project တွေရဲ့ requirement တွေအပေါ်မှာ မူတည်ပါတယ်။